အဖြေများ
ဉာဏ်စမ်း ၁ ။ ။ ဒုတိယ ရပါတယ်။
သင်ဟာဒုတိယလူကိုကျော်သွားတဲ့အတွက်သင်ဟာဒုတိယဖြစ်သွား ပြီး ဒုတိယလူက တတိယနေရာ ရောက်သွား ပါတယ်။
ဉာဏ်စမ်း ၂။ ။ နောက်ငါးယောက်မြောက် က မင်းမင်းပါ။
ပုစ္ဆာမှာထဲက မင်းမင်းရဲ့ အဖေလို့ ပါပြီးသားဖြစ်ပါတယ်။
ဉာဏ်စမ်း ၃။ ။၂၈ ရက်ကလတိုင်းမှာရှိပါတယ်။
ဉာဏ်စမ်း ၄။ ။သင်ဟာ မီးခြစ်ဆံ ကိုအရင်ဆုံးသုံးရမှာပါ။ ဒါမှ ကျန်တာတွေကိုမီးညှိနိုင်မှာပါ။
ဉာဏ်စမ်း ၅။ ။ခြင်္သေ့ တွေထည့်ထားတဲ့အခန်းဖြစ်ပါတယ်။ တစ်နှစ်လောက်ဆာလောင်နေတဲ့ ခြင်္သေ့တွေဟာသေနေပါပြီ။
ဉာဏ်စမ်း ၆။ ။ အားလုံး ၁၀ ယောက်ပါ။ ညီအမတစ်ယောက်စီမှာရှိတဲ့ မောင်လေးတွေဟာ တကယ်တော့
တစ်ယောက်တဲဖြစ်ပါတယ်။
ဉာဏ်စမ်း ၇။ ။ တစ်လုံးမှာမှ a မပါပါဘူး။
ဉာဏ်စမ်း ၈။ ။၁၉ ယောက်ကို ပန်းသီးတစ်လုံးစီပေးပြီး နောက်ဆုံးတစ်ယောက်ကို ခြင်းတောင်းထဲ
ပန်းသီးထည့်ပေးလိုက်ပါ။ ဒါမှ ခြင်းတောင်းထဲမှာ ပန်းသီးတစ်လုံးရှိနေမှာပါ။
ဉာဏ်စမ်း ၉။ ။ ဘာမှမဆိုင်ပါဘူး။
ဉာဏ်စမ်း ၁၀။ ။ သူ့နောက်တစ်ခြမ်းနဲ့တူတာပေါ့။
ဉာဏ်စမ်း ၁၁။ ။ နှစ်ထပ်တိုက်က မခုန်နိုင်ပါဘူး။ ဒါကြောင့် သားပိုက်ကောင်ဟာ နှစ်ထပ်တိုက်ထက်မြင့်အောင်ခုန်နိုင်ပါတယ်။
ဉာဏ်စမ်း ၁၂။ ။ ဥကအရင်စဖြစ်တာပါ ကြက်မပေါ်ခင်တည်းက ဒိုင်နိုဆောတွေဥ ဥခဲ့ကြပါတယ်။
ဉာဏ်စမ်း ၁၃။ ။ သူဟာ ၂ ပေခုန်ပြီးတိုင်း ၁ပေ လျှောကျတာဆိုတော့ တစ်ခါခုန်လျှင် ၁ ပေပဲရောက်ပါတယ်။ ဒါကြောင့် သူဟာ ၈ ခါမြောက်ခုန်ပြီးသောအခါ ၈ ပေးရောက်ပါပြီ။ နောက်တစ်ချက် ၂ ပေ ခုန်သောအခါ ရေတွင်းအပြင်ကိုရောက်သွားတဲ့အတွက် ပြန်လျှောမကျတော့ပါဘူး။ ဒါကြောင့် ၉ ခါပဲခုန်ပါတယ်။
ဉာဏ်စမ်း ၁၄။ ။ အကယ်၍ ၃၀၀ ကို ၁၀ နဲ့စား ရတဲ့ ၃၀ ကို ၂ နဲ့မြောက်ပြီး ၆၀ လို့ဖြေရင် မှားပါတယ်။စစချင်း လမ်းအစ သုည ပေနေရာမှာလည်း အလံနှစ်တိုင်စိုက်တယ်ဆိုတာမမေ့ပါနဲ့။ ဒါကြောင့် စုစုပေါင်း ၆၂ တိုင်ဖြစ်ပါတယ်။
ဉာဏ်စမ်း ၁၅။ ။တစ်ကွက်စာသာကျယ်သော စတုရန်း = ၁၆ ခု
နှစ်ကွက်စာကျယ်သောစတုရန်= ၉ ခု
သုံးကွက်စာကျယ်သောစတုရန်= ၄ ခု
တစ်ကွက်စာကျယ်သောစတုရန်း= ၁ခု
စုစုပေါင်း =၃၀ ခု