ဆိုင်းဘုတ်အမှား

ခရစ်ယာန် ဘုန်းကြီးတစ်ပါးနှင့်သူ၏တပည့်တစ်ယောက်သည် ဆိုင်းဘုတ်တစ်ခုစီကို ကိုင်ထားကြသည်။
သူတို့၏ ဆိုင်းဘုတ်မှာရေးထားတာက
လမ်းဆုံးရောက်ရန်နီးနေပြီ။နောက်မကျခင် နောက်ပြန်လှည့်ကြပါကွယ်။ ဖြစ်ပါတယ်။
သူတို့က လမ်းကလာတဲ့ကားတွေကို မြင်စေချင်လို့ ကားတွေဘက်ကိုလှည့်ပြီးကိုင်ထားကြသတဲ့။
ဒါနဲ့ ပထမဆုံးလာတဲ့ကားက ဆိုင်းဘုတ်ကိုကြည့်ပြီး အလကားသာသနာရူးတွေ လမ်းဖယ်စမ်း လို့အော်ပြီးဆက်မောင်းသွားတယ်။
မောင်းသွားပြီးရှေ့နားအရောက်မှာ အောက်သို့ ပြုတ်ကျသံကြီးထွက်လာသည်။
ထိုအခါ ဘုန်းကြီးက
ငါတို့ဆိုင်ဘုတ်ကို "တံတားပျက်နေသည်" လို့ ပြင်လိုက်ရင်ကောင်မယ်ထင်တယ်နော်။