အနှစ်နှစ်ဆယ်

မိန်းမက အိပ်နေရင်း သူ့ဘေးတွင် ယောင်္ကျားမရှိမှန်းသတိထားမိသဖြင့် အောက်ထပ်သို့ဆင်းလာရာ ယောင်္ကျားမှာတစ်ယောက်ထဲ
ထိုင်ကာ အတော်လေးစဉ်းစားပုံပေါ်နေသည်။
လက်ကလည်းမျက်ရည်များကို သုတ်နေလေ၏။မိန်မက ယောင်္ကျား ဘာဖြစ်လို့အဲဒီလောက်ခံစားနေရတာလဲရှင်။
မင်းမှတ်မိလား
မင်းနဲ့ငါ ချိန်းတွေ့တုန်းက မင်းတို့အိမ်နောက်ဖေးကဂိုထောင်ထဲမှာလေ။
မှတ်မိတာပေါ့ရှင်
အဲဒီတုန်းကမင်းက ၁၆ နှစ်ပဲရှိသေးတာ။ငါတို့ အတူအိပ်နေတာကို မင်းအဖေကတွေ့သွားတော့ နှစ်လုံးပြူးကြီးကိုင်ပြီး
မင်းငါ့သမီးကိုယူမလား။ ထောင်ထဲမှာ နှစ် နှစ်ဆယ်နေမလား လို့မေးတယ်လေ။
အင်းလေ အဲဒါဘာဖြစ်သလဲ။
အဲဒီတုန်းက ငါထောင်ကျခံလိုက်ရင် ဒီနေ့ဆိုရင် ငါလွတ်ပြီကွဟု ရှိုက်ကြီးတငင်ပြောလေသည်။