ရှင်းရှင်းလေးပါ သမီးရယ်

သမီးက အမေအား
အမ လူတွေဘယ်က စဖြစ်လာတာလဟင်။
အောင် သမီးရယ် ဘုရားသခင်က အာဒန်နဲ့ အေးဝကိုဖန်ဆင်းပေးလိုက်တယ် သူတို့က ကလေးတွေမွေးတယ် နောက်လူတွေပွား
များလာတာပေါ့ကွယ်။
နောက်မနက် ကျတော့ အဖေကို ဒီမေးခွန်းထပ်မေးပြန်တယ်။
အင်း ဒီလို သမီးရဲ့ လူတွေက မျောက်ကဆင်းသက်လာတာ။ မျောက်တွေကနေ အဆင့်ဆင့် ပြောင်လဲပြီး နောက်ဆုံး လူတွေဖြစ်လာတာပေါ့ကွယ်။
သမီးလေးမှာ အဖြေနှစ်ခုကြားရှုပ်ထွေးနေတယ်။
ထို့နောက် အမေအားထပ်မေးပြန်သည်။
အမေ အဖေကပြောတော့ လူတွေကမျောက်ကဖြစ်တာတဲ့။ ဘယ်ဟာအမှန်လဲဟင်။
ရှင်းရှင်းလေးပါသမီးရယ်။
အမေ့ဘက်ကအမျိုးတွေက အမေပြောသလိုဖြစ်လာတာ။ မင်းအဖေဘက် ကအမျိုးတွေက သူပြောသလိုဖြစ်လာတာပေါ့ကွယ်။