တောနယ်မှ တက်လာသော သားအဖနှစ်ယောက်သည် Shopping mall အတွင်း လှည့်ပတ်ကြည့်ရင်း အရမ်းသဘောကျနေကြသည်။ အားလုံးထဲတွင် သူတို့ သဘောအကျဆုံးက ငွေရောင် နံရံကြီးတစ်ခုဖြစ်သည်။ ထိုနံရံကြီးက နှစ်ခြမ်းကွဲထွက်သွားလိုက် ပြန်ပိတ်သွားလိုက်နှင့် သူတို့ ငေးကြည့်နေကြသည်။
သားက အဖေ အဲဒါဘာကြီးလဲဟင်
ဓတ်လှေခါး တစ်ခါမှမမြင်ဘူးသော အဖေက အင်းအဖေလည်းတစ်ခါမှမမြင်ဖူးဘူးကွ
ထိုအချိန်တွင် အသက်ကြီးပြီးဖြစ်သော မိန်းမကြီးတစ်ယောက် ရောက်လာပြီး ခလုတ်တစ်ခုကိုနှိပ်လိုက်သည်။ ထိုအခါ ငွေရောင် တံခါးကြီးက ပွင့်သွားသည်။ ထိုမိန်းမကြီးမှာ ၀င်သွားပြီးနောက် တံခါးမှာပြန်ပိတ်သွားသည်။
သူတို့ကြည့်နေစဉ်မှာပင် တံခါးဘေးနားက နံပတ် ကတဖြည်းဖြည်း တိုတိုးသွားတယ်။ နောက် ပြန် လျော့လာပြန်တယ်။
နောက်ကျတော့ တံခါးကြီးပွင့်လာတယ်။ အထဲမှ ချောမော ငယ်ရွယ်သော မိန်းမပျိုလေး ထွက်လာလေသည်။
ထိုအခါ အဖေဖြစ်သူက ကဲသား မင်းအမေကိုသွားခေါ်ရအောင်လေ။