ဘာပြောသွားလဲဟင်

ဂျွန်တစ်ယောက် သူ၏ အီတလီ လူမျိုး အိမ်နီးချင်း တစ်ယောက် ကားတိုက်ပြီး ဒဏ်ရာအကြီးအကျယ်ရထားသဖြင့် ဆေးရုံသို့သွား ကြည့်သည်။ သူ့ခမျာ တစ်ကိုယ်လုံး ကျောက်ပတ်တီးကိုင်ထားသဖြင့် မမ်မီရုပ်လိုဖြစ်နေသည်။ ပိုက်များကလည်း ရှုပ်ရှပ်ခပ်အောင်ပေးထားသည်။
ဂျွန်ရောက်သွားတော့ သူ့အား အားပေးစကားပြောရန်ကြိုးစားသည်။လူနာက ဘာမှပြန်မပြောငြိမ်နေသည်။ထို့နောက် မျက်လုံးကြီးပြူးလာပြီး သူ့အားပြောသည်။
"မီဆာတီ ဘလိုကန်ဒို အယ် ဒဘယ်ဂီနို အောက်ဆီဂျီနို "ဟုပြောကာ ဆုံးသွားလေသည်။
ထို့နောက် အသုဘ အခမ်းအနားတွင် သေသူ၏ မိန်းမက
သူနောက်ဆုံးဘာပြောသွားသေးလဲဟင်။
အင်း ပြောတော့ပြောသွားတယ်ဗျ။ ကျွန်တော်သိပ်နားမလည်လိုက်ဘူး။
ကျွန်မကို ချစ်တယ်လို့များပြောသွားတာလားဟင် ဟုမျက်ရည် ဝဲရင်းပြောသည်။
မီဆာတီ ဘလိုကန်ဒို အယ် ဒဘယ်ဂီနို အောက်ဆီဂျီနို လားပဲဗျ ကျွန်တော်လဲနားမလည်ဘူး။
ထိုစကားကြားသောအခါ မိန်းမကြီးမှာ တက်သွားလေသည်။ ပြန်သတိရလာတော့
ဂျွန်က - သူဘာပြောလိုက်လို့လဲဟင်။
ရှင် သူ့အောက်ဆီဂျင်ပိုက်ကိုနင်းထားတယ်တဲ့။.......