မရိုင်းရဘူးနော်

တစ်နေ့ အမေကနောက်ဖေးမှာ အလုပ်များနေရင်း အိမ်ရှေ့ ကသူ့သားလေး ရထားရုပ်နဲ့ ကစားနေတာကို နားထောင်နေသတဲ့။
တစ်နာရီလောက်ထိတော့ အေးဆေးဆော့နေတယ်။ နောက်တော့ သူသားက
"ကဲ ရထားကရပ်နေပြီလေ ဒါနောက်ဆုံးမှတ်တိုင်ကွ ခွေး****သားတွေဆင်းကြလေကွာ။ သေချင်နေတာလား။"
"အဲ မင်းတို့က တက်ချင်တယ်ပေါ့ အေးတက်တက် မင်းအမေလင်ကိုသာတကြပေတော့။ ရထားက ချောက်ထဲဆင်းမှာကွ"
ထိုအခါ အမေက အိမ်ရှေ့ထွက်လာပြီး
ဟဲ့သားဒီလို ရိုင်စိုင်းတဲ့စကားတွေ မပြောရဘူးလေ။ ကဲမင်းကိုဒဏ်ပေးမယ် သွား မင်းအခန်းထဲမှာ 2 နာရီသွားနေ။
နှစ်နာရီပြည့်သွားသောအခါ ပြန်ထွက်လာပြီး ရထားပြန်ဆော့သည်။
"ကဲ ခရီးသွားလုပ်သားပြည်သူအပေါင်းတို့ခင်ဗျာ ကျွန်တော်တို့ရထားကြီးဟာမကြာခင်မှာထွက်တော့မှာဖြစ်ပါတယ်။ စီးနင်းလိုက်ပါလာ ကြသော ခရီးသွားအပေါင်း ကျန်းမာချမ်းသာကြပါစေ။ အားလုံးကိုကျေးဇူးတင်ပါတယ်"
" ၂ နာရီလောက် နောက်ကျမှ ရထားထွက်ရခဲ့ရတဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်။ မကျေနပ်ရင်တော့ အိမ်နောက်ဖေးက
*****မကြီး ကိုသာ ကြိမ်ဆဲကြပါ။"