အမြဲရချင်တယ်

ဆံပင်ညှပ်ဆရာတစ်ယောက် ဆံပင်ညှပ်နေစဉ် ကလေးတစ်ယောက်ဝင်လာသည်။ ထိုအခါ ဆံပင်ညှပ်ဆရာက သူ့ customer ကိုကပ်ပြီးပြောလိုက်တယ်။
ခင်ဗျားသိလား အဲဒီကလေး ကလေ ကမ္ဘာပေါ်မှာ အနုံဆုံးကလေးပဲဗျ။ခင်ဗျားကြည့်ကျွန်တော် လုပ်ပြမယ်။
ထို့နောက် သူသည် တစ်ဖက်လက်တွင် ၂၀ တန် ကိုင်ပြီး နောက်တစ်ဖက်က ၅ကျပ်တန်ကိုင်ကာ ကလေးအားလှမ်းခေါ်သည်။
ဟေ့ကောင်လေး မင်းဘယ်ဟာ ယူမလဲပြောစမ်း
ကလေးသည် ၅ကျပ်တန်ယူကာပြန်ထွက်သွားသည်။
ကဲ တွေ့လား ဒီကလေးကို ကျွန်တော်ရွေးခိုင်းတာ အကြိမ်ကြိမ်ရှိပြီ။အမြဲ ဒီလိုပဲ ။ဘယ်တော့မှလည်း တိုးတက်မလာဘူး။
ထို့နောက် ဆံပင်ညှပ်ပြီး၍ customer မှာ ဆိုင်မှထွက်လာသည်။ လမ်းတစ်ဖက်တွင် ထိုကလေးမှာ ရေခဲမုန့်စားနေသဖြင့် သွားမေးလေသည်။
ဟေ့ကလေး မင်းကဘာဖြစ်လို့ ၂၀ တန်မယူပဲ ၅ကျပ်တန်ပဲယူရတာလဲ။
ထိုအခါ ကလေးက
ဟိုလူကြီးကိုသွားမပြောနဲ့နော် ကျွန်တော် က၂၀ တန်ယူလိုက်ရင်သူကနောက်ထပ် ထပ်ပေးမှာမဟုတ်တော့ဘူးလေ။