မိန်းမတစ်ယောက် ဆေးခန်းလာပြသည်။
ဆရာ ကျွန်မလေ ဘာဖြစ်မှန်မသိပါဘူး တစ်ကိုယ်လုံးဘယ်နေရာထိလိုက်ထိလိုက်နာနေတယ်ဆရာ။
ဆရာဝန်က ဟာ မဖြစ်နိုင်ပါဘူးဗျာ
ထိုမိန်မက သူ့လက်ညှိုးဖြင့် တံထောင်စစ်ကို ထိလိုက်သည်
အား နာလိုက်တာ
နောက် လက်ညှိုးဖြင့် ဒူးခေါင်းကို ထိပြန်သည်။
အား အား နာလိုက်တာရှင်
ဆရာဝန်က စစ်ဆေးကြည့်ပြီးနောက်
ခင်ဗျားက တကိုယ်လုံးနာနေတာမဟုတ်ပါဘူးဗျ
ခင်ဗျားလက်ညှိုးက ကျိုးနေတာပါ။