ကိုယ်လုံးတီး အဖွဲ့

လူတစ်ယောက်သည် ကိုယ်လုံးတီးအဖွဲ့များနေထိုင်ရာသို့ပြောင်ရွှေ့နေထိုင်၏။ သူ့ အဖွားက သူ့ကို သတိရကြောင်းနဲ့ အခုရောက်နေ
တဲ့နေရာက ပုံတစ်ပုံလောက်ပို့ပေးဖို့ဖုန်းဆက်ပြောလေသည်။
သူမှာသိသွားမှာလည်းရှက်သဖြင့် သူ၏ ရိုက်ထားသောပုံကိုထက်ဝက်ပိုင်းဖြတ်ကာ ပို့ရန်ကြံလေသည်။ထို့နောက်မှားပြီး အောက်ဘက်
အခြမ်းကိုမှားပို့မိလေသည်။ သူ့မှာ အလွန်စိတ်ပူသွားသည်။နောက်မှ သူ့အဖွား မျက်စိမှုန်တာကိုသတိရသွာပြီး စိတ်ဖြေရာရသွားသည်။
နောက်တစ်ပတ်အကြာ သူ့အဖွားထံမှ ပြန်စာရလေသည်။ မြေးလေး မင်းပုံကို အဖွားကြည့်ပြီးပြီ။ မင်းပိန်သွားတယ်နဲ့တူတယ်။
မျက်စိကြီးပြူးထွက်လာတယ်။ ဆံပင်တွေကလည်း ရှည်ပြီးရှုပ်ပွနေတာပဲ။ အဲဒါကြောင့် မင်းနှာခေါင်းက တိုနေသလိုဖြစ်နေတာ ထင်တယ်။