အဆိုးသတင်းလား အဆိုးဆုံးသတင်းလား

ဂျော့ ဆီကိုသူ၏ ရှေ့နေမှဖုန်းဆက်၏။
အခုတွေ့မှဖြစ်မယ်ဗျ အရေးကြီးတယ်
ထို့နောက် ဂျော့တစ်ယောက် သူ့ရှေ့နေအလုပ်ခန်းကိုရောက်သွားလေသည်။
ကဲခင်ဗျား ဆိုးတဲ့သတင်းအရင်နားထောင်မလား၊ အဆိုးဆုံးသတင်း ကိုအရင်နားထောင်မလား။
ဗျာအဲလောက်တောင်ပဲလားဗျာ။ ကဲဒါဆိုလည်း ဆိုးတဲ့သတင်းပဲအရင်နားထောင်တော့မယ်။

ဒီလိုဗျ ခင်ဗျားမိန်းမလေ သူ ဒေါ်လာ မီလီယျံဝက်လောက်တန်တဲ့ ပုံတစ်ပုံကိုတွေ့ထားတယ်ဗျ။
ဗျာ ဒါဆိုးတဲ့သတင်းလားဗျာ ဒါဆိုရင်တော့အဆိုးဆုံးသတင်ကို ကျွန်တော်နားထောင်ရဲသွားပြီဗျ
အင်း အဆိုးဆုံးက အဲဒီပုံက ခင်ဗျားနဲ့ ခင်ဗျားအတွင်းရေးမှုးမလေးရဲ့ပုံ ဖြစ်နေတယ်ဗျ။