ပြောလိုက်ရင်ကောင်းမလား

အီတလီ လူမျိုးတစ်ယောက်သည် သူတို့ ခရစ်ယာန်ဘုန်ကြီးထံ သို့လာ၍ ၀န်ခံမှုပြုလေသည်။
ဖာသာ ကျွန်တော့်ဝန်ချက်တွေကို တကယ် ကြားသလားဟင်။
ကြားပါတယ်ကွယ် ဘာဝန်ခံမှာလဲကွယ် ။အားလုံးကို ဘုရားသခင်က ခွင့်လွှတ်ပေးမှာပေါ့။
ကျွန်တော်လေ ဒုတိယကမ္ဘာစစ်တုန်းကပေါ့ ဂျာမနီတွေ ၀င်တိုက်တုန်းကလေ မိန်းကလေးတစ်ယောက် အကူအညီတောင်းလို့ သူ့ကို ကျွန်တော် ထပ်ခိုးပေါ်မှာဖွက်ထားပေးလိုက်တယ်ဗျာ။
အော် ဒါကောင်းတဲ့အလုပ်ပဲ လူတစ်ယောက်ကိုကူညီတာကောင်းပါတယ်။ဒါနဲ့ မင်းကဘာကိုဝန်ခံမှာလဲကွဲ့။
ဒါပေမဲ့ကျွန်တော်က လူတစ်ယောက်ပဲလေ ဆန္ဒကို မထိန်းချုပ်နိုင်ဘူးဖြစ်ပြီး သူ့ကိုပြောလိုက်တယ် မင်းဒီမှာဆက်ပုန်းချင်ရင် မင်းငါနဲ့ နေ့တိုင်းအိပ်ပေးရမယ်လို့လေ။
အင်း အန္တရယ်ဘေးကတောင် ကယ်တင်ပေးထားတာဆိုတော့ ကျေးဇူးဆပ်တယ်လို့သဘောထားလို့ရပါတယ်။ တကယ်လို့ဂျာမနီတွေမိ သွားရင်ပိုဆိုးမှာမလား။
ဟုတ်ပါတယ် ကျွန်တော်လည်းအဲဒီလိုတွေမိတာပါပဲ။ဒါနဲ့ကျွန်တော်တစ်ခုလောက်မေးချင်ပါတယ် ဖာသာ။
မေးလေကွဲ့။
အခုလေ ကျွန်တော်သူ့ကို ဒုတိယကမ္ဘာ စစ်ကြီးပြီးသွားပြီဆိုတာပြောလိုက်ရင်ကောင်းမလားဟင်။