မနုံဘူးများမှတ်နေလား

တစ်နေ့ ယောင်္ကျားအိမ်ပြန်ရောက်လာလာချင်း အိမ်ပေါ်မှ အသံများကြားသဖြင့် မသင်္ကာဖြစ်ကာ အပေါ်သို့ပြေးတက်သွားလေသည်။
တခါးကို တွန်းဖွင့်လိုက်သောအခါ သူ၏မိန်းမ မှာ ကိုယ်တုန်းလုံးကြီးဖြစ်နေပြီး တကိုယ်လုံးလည်း ချွေးများပြန်ကာ မောဟိုက်နေလေသည်။
မင်းဘာလုပ်နေတာဘဲ
ကျွန်မ နှလုံးရောဂါဖောက်နေတာရှင့်
ယောင်္ကျားမှာ တစ်ခါထဲ အောက်ထပ်သို့ပြေးဆင်းကာ ဆေးရုံကားခေါ်ရန် ဖုန်းဆက်လေသည်။ထိုအချိန်တွင် ဘေးကသားငယ်က
ဖေကြီး ဦးဦး ဖရက်က အပေါ်ထပ်က ဘီရို ထဲမှာ ပုန်းနေတယ်။
ဒါနဲ့ သူဟာအပေါ်ကိုတက်သွားပြီး ဘီရိုကို ဆွဲဖွင့်လိုက်တော့ အထဲမှာ သူ့ညီ ဖရက် မှာကိုယ်လုံးတီ နှင့် ပုန်းနေလေသည်။

"အော် ငါ့မိန်းမ ဒီလောက်ရောဂါဖောက်နေတာတောင်မင်းက ကိုယ်တုံးလုံးချွတ်ပြီး ကလေးနဲ့ တူတူပုန်းတမ်းကစား နေတယ်ပေါ့လေ။"